Khaosod
Online

วันอังคาร ที่ 7 เม.ย. 2563

ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု ကို စိုးရိမ်လို့ အိန္ဒိယ နဲ့ သီရိလင်္ကာ အပြင်မထွက်ရ အမိန့်ထုတ် နဲ့ နိုင်ငံတကာ ဗိုင်းရပ်စ် သတင်းများ

22 มี.ค. 2563 - 20:11 น.
လူတွေကို အိမ်ထဲမှာသာ နေကြဖို့ အစိုးရ က တိုက်တွန်း ထား
AFP
လူတွေကို အိမ်ထဲမှာသာ နေကြဖို့ အစိုးရ က တိုက်တွန်း ထား

ကိုဗစ် ၁၉ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှာ ကို စိုးရိမ်တဲ့ အတွက် အိန္ဒိယ နိုင်ငံမှာ လည်း လူတွေကို အိမ်ထဲမှာသာ နေကြဖို့ အစိုးရ က တိုက်တွန်း ထားပါတယ်။

ဒါ့အပြင် အများပြည်သူသုံး ပို့ဆောင်ဆက်သွယ်ရေး ဖြစ်တဲ့ ဘတ်စ ကား လိုင်း တွေ၊ ရထား လိုင်းတွေ နဲ့ ပြည်တွင်း လေကြောင်း ခရီးစဉ်တွေ ကိုလည်း ၁၄ နာရီ ကြာ မပြေးဆွဲဘဲ နေကြဖို့ အစိုးရ က ကာဖျူး အမိန့်ထုတ်ပြန်ထားပါတယ်။

ကိုယ့်ဘာသာကိုယ် နေကောင်းတယ်လို့ ထင်ပြီး ဈေးထဲမှာ လျှောက်သွား နေမယ် ဆိုရင် ဒါဟာ အမှားကြီးမှားတာပဲ၊ ဒီလို အချိန်မှာ ဘယ်သူမှ ဗိုင်းရပ်စ် မရှိဘူးလို့ မပြော နိုင်ဘူးလို့ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက ကပြောဆို ထားပါတယ်။

နေ့စဉ် လူ နှစ်ဆယ့်ငါးသန်း ကျော် အသုံးပြုနေကြတဲ့ အိန္ဒိယ မီးရထား လိုင်း တွေကို လည်း မတ်လ ကုန်ပိုင်း အထိ ပြေးဆွဲမှုတွေ ရပ်နား ထားမယ်လို့ အစိုးရ တာဝန်ရှိသူ က ပြောပါတယ်။

အိန္ဒိယမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံထားရသူ ၃၂၄ ဦး ရှိနေပြီး ၅ ဦး သေဆုံး သွားတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

ကာဖျူး အမိန့် ထုတ်ထားတဲ့ ကိုလံဘို မြို့
EPA
ကာဖျူး အမိန့် ထုတ်ထားတဲ့ ကိုလံဘို မြို့

သီရိလင်္ကာ နိုင်ငံဟာလည်း ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုတွေကို စိုးရိမ်တဲ့ အတွက် လေကြောင်း နဲ့ ရေကြောင်း သွားလာမှုတွေကို ထိန်းချုပ် လိုက်ပြီ ဖြစ်ပါတယ်။

နိုင်ငံအတွင်း ကို လာရောက်တဲ့ လေကြောင်း ခရီးစဉ် တွေကိုလည်း ပိတ်ပင် လိုက်ပါပြီ။ ဒါပေမယ့် နိုင်ငံကနေ ထွက်ခွာမယ့် ခရီးစဉ်တွေကို သေချာ စိစစ် ပြီးမှ ထွက်ခွာခွင့် ပေးမယ်လို့ သမ္မတရုံး တာဝန်ရှိသူက ပြောပါတယ်။

သီရိလင်္ကာမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံထားရသူ ၇၇ ဦး ရှိနေပြီး၊ လောလောဆယ် အချိန်အထိ သေဆုံးသူ တော့ မရှိသေးပါဘူး။

ဒါ့အပြင် ဒီတပတ် စနေ တနင်္ဂနွေနေ့တွေမှာ အပြင်မထွက်ဖို့ အစိုးရ က ကာဖျူး အမိန့် ထုတ်ထားပါတယ်။ အဲဒီ အမိန့် ကို ချိုးဖောက်တဲ့ လူ ၃၀၀ ကျော် ကိုလည်း ဖမ်းဆီး ပြီး အရေးယူမှုတွေ လုပ်ထားပါတယ်။

အကျဉ်းသား တစ်ဦးမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံထား ရ
BBC
အကျဉ်းသား တစ်ဦးမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံထား ရ

အမေရိကန် နိုင်ငံက အကျဉ်းသား တစ်ဦးမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံထား ရတယ်လို့ ထောင် အာဏာပိုင်တွေက ထုတ်ဖော် ပြောကြား လိုက်ပါတယ်။

အဲဒီ အကျဉ်းသားဟာ ရင်ဘတ်အောင့်တယ်လို့ ပြောတဲ့ အတွက် သူ့ကို ဆေးရုံ ကိုပို့ပြီး စစ်ကြည့် ရာမှာ ဗိုင်းရပ်စ် ကူးစက် ခံထားရကြောင်း သိရှိခဲ့ရတာပါ။

လောလောဆယ်မှာတော့ သူ့ကို အကျဉ်းထောင်ထဲမှာပဲ သီးသန့် ထားထားပြီး ၂၄ နာရီ အတွင်း သူနဲ့ ဆက်နွယ် ပတ်သက်ခဲ့သူတွေကို ခြေရာခံ လိုက်နေရပါတယ်။

နောက်ပြီး အမေရိကန် က အကျဉ်းထောင် ၁၂၂ ထောင် ကိုလည်း ဧည့်တွေ့ခွင့် ပိတ်ထားပါတယ်။

နယူးယောက် မြို့က အကျဉ်းထောင် မှာတော့ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံထားရတဲ့ အကျဉ်းသား ၃၈ ဦး ရှိတယ်လို့ အာဏာပိုင်တွေက သတင်းထုတ်ပြန် ထားပါတယ်။

ရစ်ယာန် ဘုရားကျောင်း တချို့ဟာ အဲဒီ တားမြစ်ချက်ကို လိုက်နာ ခဲ့ခြင်း မရှိ
EPA
ရစ်ယာန် ဘုရားကျောင်း တချို့ဟာ အဲဒီ တားမြစ်ချက်ကို လိုက်နာ ခဲ့ခြင်း မရှိ

တောင်ကိုရီးယား နိုင်ငံမှာတော့ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှာ ကို စိုးရိမ်လို့ လူစု လူဝေး မလုပ်ဖို့ အစိုးရ က တားမြစ် ထားပေမယ့် ခရစ်ယာန် ဘုရားကျောင်း တချို့ဟာ အဲဒီ တားမြစ်ချက်ကို လိုက်နာ ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

ယွန်ဟတ် သတင်း ဌာန ရဲ့ သတင်းထဲမှာတော့ ဒီကနေ့ တနင်္ဂနွေ နေ့မှာ နိုင်ငံ တဝန်း က ဘုရားကျောင်း တစ်ရာ ခန့်ဟာ ဝတ်ပြု ဆုတောင်းပွဲတွေး လုပ်ခဲ့ ကြတယ်လို့ ဆိုပါတယ်။

ဘုရားကျောင်း လာတတ် သူတွေကို တစ်ယောက်နဲ့ တစ်ယောက် တစ်မီတာ အကွာမှာ နေကြဖို့ နဲ့ မျက်နှာဖုံး ဝတ်ကြဖို့ နှိုးဆော်ပြီးမှ ဝတ်ပြုပွဲတွေ လုပ် ခဲ့တာလို့ ဘုရားကျောင်း ခေါင်းဆောင် တချို့ က ပြောပါတယ်။

ဒါပေမယ့် အစိုးရ ရဲ့ ထုတ်ပြန်ချက်တွေကို မလိုက်နာတဲ့ အတွက် ပိုမို တင်းကျပ် တဲ့ စည်းကမ်း တွေ ချမှတ်ဖို့ တောင်ကိုရီးယား အာဏာပိုင်တွေက ပြင်ဆင် နေပါတယ်။

ကိုဗစ် နိုင်တင်း ကူးစက် ခံထားရ နိုင်တယ်လို့ ယူဆလို့ ရတဲ့ လူ ၄၀၀၀ ကျော်ကို အစိုးရ တာဝန်ရှိသူ တွေက လိုက်လံ စုံစမ်း
AFP
ကိုဗစ် နိုင်တင်း ကူးစက် ခံထားရ နိုင်တယ်လို့ ယူဆလို့ ရတဲ့ လူ ၄၀၀၀ ကျော်ကို အစိုးရ တာဝန်ရှိသူ တွေက လိုက်လံ စုံစမ်း

မလေးရှား နိုင်ငံမှာလည်း ဗလီမှာ ဝတ်ပြု ဆုတောင်း ခဲ့ကြသူ အတော်များများ ထဲက ကိုဗစ် နိုင်တင်း ကူးစက် ခံထားရ နိုင်တယ်လို့ ယူဆလို့ ရတဲ့ လူ ၄၀၀၀ ကျော်ကို အစိုးရ တာဝန်ရှိသူ တွေက လိုက်လံ စုံစမ်း နေပါတယ်။

ပြီးခဲ့တဲ့ လ တုန်းက ကွာလာလမ်ပူ မြို့အစွန်က ဗလီ တစ်ခုမှာ ကျင်းပတဲ့ ဘာသာရေး ပွဲတော် ကို လူပေါင်း ခြောက်ထောင်လောက် တက်ရောက် ခဲ့ကြပြီး အဲဒီလူတွေထဲ က ငါးရာကျော်လောက်ပဲ ဆေးစစ်ခံ ဖို့ လာရောက် ခဲ့ကြပါတယ်။

မလေးရှား မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံထားရသူ တစ်သောင်း နှစ်ထောင် လောက် ရှိနေပြီး အဲဒီ အထဲ က လူ ၉ ဦး သေဆုံး ခဲ့ရပါတယ်။

နိုင်ငံ နေရာ အနှံ့အပြား ကိုလည်း စစ်တပ် ကို စေလွှတ်ထားပြီး နှစ်ပတ်ကြာ လူစု လူဝေး မလုပ်ကြဖို့ တင်းကျပ်တဲ့ စည်းကမ်းတွေ ချမှတ် ထားပါတယ်။

လူသားချင်း အကူအညီ ပေးဖို့ ဆိုတဲ့ အမေရိကန် ရဲ့ ကမ်းလှမ်း မှု ကိုတော့ ထိပ်တန်း ခေါင်းဆောင် အယာတိုလာ ခါမေနီက ပယ်ချ
AFP
လူသားချင်း အကူအညီ ပေးဖို့ ဆိုတဲ့ အမေရိကန် ရဲ့ ကမ်းလှမ်း မှု ကိုတော့ ထိပ်တန်း ခေါင်းဆောင် အယာတိုလာ ခါမေနီက ပယ်ချ

အီရန် နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုတွေ ကြောင့် သေဆုံးသူတွေ များပြား နေပေမယ့်လည်း လူသားချင်း အကူအညီ ပေးဖို့ ဆိုတဲ့ အမေရိကန် ရဲ့ ကမ်းလှမ်း မှု ကိုတော့ ထိပ်တန်း ခေါင်းဆောင် အယာတိုလာ ခါမေနီက ပယ်ချ လိုက်ပါတယ်။

သူ့ နိုင်ငံအနေနဲ့ အမေရိကန် ဆီကို နည်းလမ်းမျိုးစုံနဲ့ ချည်းကပ် ခဲ့ပေမယ့် အခုမှ တုန့်ပြန်လာတဲ့ အမေရိကန် ရဲ့ လုပ်ရပ်ဟာ ထူးခြား တယ်လို့ အီရန် ထိပ်တန်း ခေါင်းဆောင် က ဆိုပါတယ်။

ဗိုင်းရပ်စ် ကို အမေရိကန် ဟာ လျှို့ဝှက် ဖန်တီး ခဲ့တာ ဖြစ်နိုင်တယ် ဆိုပြီးတော့ လည်း သူ့ရဲ့ အယူအဆ တချို့ကိုလည်း သူက ရုပ်မြင် သံကြား ကနေ ပြောဆို ခဲ့ပါတယ်။

အီရန် အစိုးရ ရ ရဲ့ ထုတ်ပြန်ချက်မှာတော့ ၂၄ နာရီ အတွင်းမှာ ကိုရိုနာ ဗိုင်းရပ်စ် ကြောင့် သေဆုံးသူ ၁၂၉ ဦး ရှိခဲ့ပြီး ဗိုင်းရပ်စ် စတင် တွေ့ရှိခဲ့ပြီး နောက် လက်ရှိ အချိန်အထိ သေဆုံးသူ ဦးရေ ဟာ ၁၆၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။

ရုရှား စစ်တပ် က ဆရာဝန်တွေ၊ ပိုးမွှားကင်းစင်ရေး အတွက် အသုံးပြုတဲ့ စစ်ကား တွေနဲ့ ဆေးပစ္စည်းတွေကို ပို့ဆောင် ပေး
EPA
ရုရှား စစ်တပ် က ဆရာဝန်တွေ၊ ပိုးမွှားကင်းစင်ရေး အတွက် အသုံးပြုတဲ့ စစ်ကား တွေနဲ့ ဆေးပစ္စည်းတွေကို ပို့ဆောင် ပေး

အီတလီ နိုင်ငံက ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုတွေကို ကူညီဖို့ အတွက် ရုရှား စစ်တပ် က ဆရာဝန်တွေ၊ ပိုးမွှားကင်းစင်ရေး အတွက် အသုံးပြုတဲ့ စစ်ကား တွေနဲ့ ဆေးပစ္စည်းတွေကို ပို့ဆောင် ပေးခဲ့ပါတယ်။

မနေ့က ရုရှား သမ္မတ ဗလာဒီမီယာ ပူတင် နဲ့ အီတလီ ဝန်ကြီးချုပ် ဂူဆက်ပီ ကွန်တေ တို့ တယ်လီဖုန်း ဆက်သွယ် ပြောကြားခဲ့ပြီးနောက်မှာ ရုရှား က အခုလို ကူညီထောက်ပံ့ရေး စေလွှတ် လိုက်တာ ဖြစ်ပါတယ်။

ဥရောပ မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံရမှု များပြား နေတဲ့ အီတလီ နိုင်ငံမှာ လူ လေးထောင် ကျော် သေဆုံး ခဲ့ရပြီး၊ ဒီ ဗိုင်းရပ်စ်ကြောင့် ကမ္ဘာမှာ လူသေဆုံးမှု အများဆုံး နိုင်ငံလည်း ဖြစ်နေပါတယ်။

အီတလီ က ဗိုင်းရပ်စ် ကူးစက်မှုတွေကို ကူညီအတွက် ကျူးဘား နိုင်ငံက ဆရာဝန်တွေလည်း စေလွှတ် ထားသလို၊ တရုတ် နိုင်ငံကလည်း ဆရာဝန်တွေ သူနာပြု တွေကို စေလွှတ် ထားပါတယ်။


ติดตามข่าวสด


ข่าวเด่นประจำวัน













ภาพที่



อัลบั้มภาพ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု ကို စိုးရိမ်လို့ အိန္ဒိယ နဲ့ သီရိလင်္ကာ အပြင်မထွက်ရ အမိန့်ထုတ် နဲ့ နိုင်ငံတကာ ဗိုင်းရပ်စ် သတင်းများ
ข่าวที่เกี่ยวข้อง