Khaosod
Online

วันอาทิตย์ ที่ 12 ก.ค. 2563

ကိုရိုနာ ဖြစ်ပွားတဲ့နိုင်ငံကပြန်သူတွေ စောင့်ကြပ်ကြည့်ရှုတာ မလိုက်နာရင် ထောင်၆ လ ကျနိုင်

24 มี.ค. 2563 - 00:11 น.

အစိုးရ ကထုတ်ပြန်ထားတဲ့ ကိုရိုနာ သံသယရှိတဲ့ နိုင်ငံတွေ က ပြန်လာတဲ့ မြန်မာနိုင်ငံသားတွေဟာ အစိုးရ ရဲ့ စောင့်ကြပ်ကြည့်ရှု ကန့်သတ်တာတွေကို မလိုက်နာရင် အစိုးရထုတ်ပြန်ထားတဲ့ ကူးစက်ဥပဒေ အရ ထောင်၆ လနဲ့ ငွေ ၅ သောင်းပြစ်ဒဏ် ကျခံရနိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန က ပြောခွင့်ရသူ ဒေါက်တာခင်ခင်ကြီး ကဘီဘီစီကိုပြောပါတယ်။

ထိုင်း မလေးရှားအပါအဝင် အစိုးရ က စောင့်ကြည့်ဖို့ သတ်မှတ်နိုင်ငံတွေ ကပြန်လာသူတွေကို စောင့်ကြည့်မှုတွေလုပ်မယ်လို့ အစိုးရ က ထုတ်ပြန်ထားပါတယ်။

အခုရက်ပိုင်း ထိုင်းနိုင်ငံ ကနေ မြန်မာနိုင်ငံပြန်လာသူ တစ်သောင်းကျော်ရှိပြီးတော့ COVID-19 ကြောင့် ထိုင်း-မြန်မာနယ်စပ် မြဝတီမှာရှိတဲ့ ချစ်ကြည်ရေးတံတားအမှတ် ၂ ကနေ ပြန်ဝင်လာသူဦးရေဟာ ၃ ရက်တာကာလအတွင်း တစ်သောင်းကျော် အထိမြန်မာနိုင်ငံထဲ ကိုပြန်ဝင်လာကြတာ ဖြစ်ပါတယ်။

ပြည်သူ့ကို ဗဟိုပြုတဲ့ အစိုးရဖြစ်လို အခုစောင့်ကြပ်ကြည့်ရှုသူတွေပျက်ကွက်တာ ကို ဥပဒေအရ အရေးယူတာထက် နိုင်ငံသားတွေက အသိစိတ်နဲ့ ပါဝင်မှု ကိုပိုလို လားပါတယ်လို့ သူကပြောပါတယ်။

ထိုင်းနယ်စပ်
BBC
ထိုင်းနယ်စပ်ကနေ ၃ ရက်တာကာလအတွင်း တစ်သောင်းကျော် အထိမြန်မာနိုင်ငံထဲ ကိုပြန်ဝင်လာကြတာ ဖြစ်

အစိုးရက အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ဆောင်ရွက်ရာ မှာ (၁၄) ရက်တာကာလ (facility quarantine) သတ်မှတ်နေရာအဆောက်အအုံ များတွင်ထားရှိပြီး အသွားအလာကန့်သတ်တာနဲ့ (သို့မဟုတ်) (home quarantine) နေအိမ်တွင်ထားရှိပြီး အသွားအလာကန့်သတ်တာ ဆိုပြီး သတ်မှတ်ဆောင်ရွက်လျက်ရှိ တယ်လို့လည်း အစိုးရဘက်က ပြောပါတယ်။

ထိုင်းနဲ့ မလေးရှားကပြန်လာသူတွေကို နေအိမ်တွင်ထားရှိပြီး အသွားအလာကန့်သတ် တာဖြစ်ပြီးတော့ ကူးစက်မှုမြင့်မားတဲ့ နိုင်ငံတွေလို့ သတ်မှတ်ထားနိုင်ငံ ၁၆ နိုင်ငံ က လာတဲ့သူတွေကို တော့ အစိုးရကသတ်မှတ်တဲ့ နေရာတွေမှာ စောင့်ကြည့် ဖို့ကျန်းမာရေးဝန်ကြီးဌာန ကထုတ်ပြန်ထားပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန က ဝေဘာဂီ၊ တောင်ဥက္ကလာပ ၊ လှည်းကူးတို့မှာပြင်ဆင်ထားပြီး အစိုးရ ဘက်က တော့ မှော်ဘီက ဆရာတော် အရှင်ဆေကိန္ဒရဲ့ ဆေကိန္ဒာရာမကကျောင်းအပြင် ဧရာဝတီဘဏ်ဖောင်ဒေးရှင်းနဲ့ ဘောလုံးအကယ်ဒမီ သင်တန်းကျောင်း၊ လေဆိပ်ဟိုတယ် ၇ မိုင်ဟိုတယ် မှာလည်း နေရာတွေပြင်ဆင်ထားတယ်လို့ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။

လူဘယ်နှစ်ယောက်ယောက်အတွက် ပြင်ဆင်ထားသလဲ ဆိုတာနဲ့ ပတ်သက်လို့ ဒေါက်တာခင်ခင်ကြီးက အလုံ အလောက်ပြင်ဆင်ထားတယ်လို့လည်း ဘီဘီစီကိုပြောပါတယ်။

ဒါအပြင် အခန်းကျယ်တွေမှာ လူတွေဆယ်ဂဏန်းပမာဏနေရာချထားတာနဲ့ ပတ်သက်လို့ "ဒါက အသွားလာ ကန်သတ်တာ quarantine ပါ၊ isolation သီးခြားခွဲထားတာ မဟုတ်ပါဘူး ၊ ဒီတော့ သူတို ကျန်းမာရေးကောင်းလို့ အတူထားတာပါ ဘယ်နိုင်ငံ ကတစ်ယောက်တစ်ခန်း ထားတာရှိလဲ"လို့ လည်းသူကပြောပါတယ်။

ထိုင်းနဲ့ မလေးရှားကနေ မြန်မာနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ ပြန်လာသူတွေကို အစိုးရက အိမ်တိုင်ရာရောက် လိုက်လံ ပို့ဆောင်ပေးမှာဖြစ်ပြီး ဖြစ်ပြီး နေအိမ်တွေမှာ ၁၄ ရက်တိတိ စောင့်ကြည့်ခံရမယ်လို့ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။

နယ်စပ်ကို ဖြတ်ပြီး ပြန်လည် ဝင်ရောက်လာသူတွေ ကို သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ် အစိုးရအဖွဲ့ များနှင့် ပူးပေါင်းပြီး ၎င်းတို့ကို စောင့်ကြည့်မမှာဖြစ်တယ်လို့ သူကရှင်းပြပါတယ်။

" ထိုင်းတို့ မလေးရှားတို့ အောက်လမ်းကနေ ဝင်လာတာ ရှိတယ်။ ဝင်လာတဲ့သူတွေကို သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီးက အစိုးရအဖွဲ့ တွေနဲ့ ပူးပေါင်းပြီးတော့ သူတို့ သွားမယ့် နေရာတွေကို သီးခြား ကားတွေနဲ့ ပို့ဆောင်မှာ ဖြစ်ပါတယ်"လို့ဒေါက်တာ ခင်ခင်ကြီးကပြောပါတယ်။

သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာ ၊အုပ်ချုပ်ရေးမှူးတွေနဲ့ ချိတ်ဆက်ပြီးတော့ ၁၄ ရက် အိမ်မှာပဲ လုံးဝ မထွက်ဘဲနဲ့ နေရမှာ ဖြစ်ပါတယ်။ တားမြစ်ချက်တွေ ဖောက်ဖျက်ရင်တော့ ဥပဒေအရ အရေးယူခံရမှာ ဖြစ်ပါတယ်။

ဥရောပ အပါအဝင် ၁၆ နိုင်ငံ က ပြန်လာသူတွေလည်း သတ်မှတ်တဲ့နေရာတွေမှာနေရ မှာဖြစ်ပြီးတော့ သတ်မှတ်စည်းကမ်းတွေလိုက်နာရမှာ ဖြစ်တယ်လို့လည်း ဒေါက်တာခင်ခင်ကြီး ကပြောပါတယ်။

"ဟိုတယ်မှာ နေရလို့လည်း သတ်မှတ်စည်းကမ်းအတိုင်းဘဲနေရ မှာပါ ဘယ်သူနဲ့မှ တွေ့လို့မရ ပါဘူး"လို့ သူကရှင်းပြပါတယ်။

တရုတ်၊ ကိုးရီးယား၊ အီတလီ၊ အီရန်၊ ပြင်သစ်၊ စပိန်နဲ့ ဂျာမနီ စတဲ့ ရောဂါဖြစ်ပွားမှုနှုန်းမြင့်တက်နေတဲ့ ၇ နိုင်ငံကို မြန်မာနိုင်ငံ ကမတ်လ ၁၅ ရက်နေ့မှာ စတင်ကန့်သတ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စု၊ ဆွစ်ဇာလန်၊ ဗြိတိန်၊ နယ်သာလန်၊ သြစတီးယား၊ ဘယ်လ်ဂျီယံ၊ နော်ဝေ၊ ဆွီဒင်နဲ့ ဒိန်းမ တို့ကို မတ်လ ၂၀ ရက်နေ့ ကပြန်လာတဲ့သူတွေကို နှစ်ပတ်ကြာ စောင့်ကြည့်မယ်လို့ အစိုးရက စတင်သတ်မှတ်ခဲ့ပါတယ်။

line-qr

เกาะติดข่าวสำคัญ

กดติดตาม "ข่าวสด"

single-line

ติดตามข่าวสด


ข่าวเด่นประจำวัน













ภาพที่



อัลบั้มภาพ ကိုရိုနာ ဖြစ်ပွားတဲ့နိုင်ငံကပြန်သူတွေ စောင့်ကြပ်ကြည့်ရှုတာ မလိုက်နာရင် ထောင်၆ လ ကျနိုင်
ข่าวที่เกี่ยวข้อง