Khaosod
Online

วันอาทิตย์ ที่ 12 ก.ค. 2563

မြန်မာနိုင်ငံ သားနှစ်ဦးတွင် ကိုရိုနာ ဗိုင်းရပ်စ်ပိုး ပထမဆုံးတွေ့

24 มี.ค. 2563 - 00:42 น.

မြန်မာနိုင်ငံ သားနှစ်ဦးတွင် ကိုရိုနာ ဗိုင်းရပ်စ်ပိုး ပထမဆုံးတွေ့

အမေရိကန်နိုင်ငံကနေ မြန်မာနိုင်ငံကို မတ်လ၁၃ ရက်နေ့က လေကြောင်းခရီး နဲ့ဝင်လာတဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့က မြန်မာနိုင်ငံသား အမေရိကန်နိုင်ငံမှ Green Card ရရှိထားသူ အသက် (၃၆) နှစ်အရွယ် အမျိုးသား နဲ့

အင်္ဂလန်နိုင်ငံက မတ်လ ၂၃ ရက်နေ့မှာ လေကြောင်းခရီးနဲ့ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဝင်ရောက်လာခဲ့တဲ့ အသက် (၂၆) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတို့မှာ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ပေးပို့စစ်ဆေးခဲ့ရာ ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ ရတယ် လို့ကျန်းမာရေးဝန်ကြီးထာန ကထုတ်ပြန်ပါတယ်။

အတည်ပြု ပြီ
BBC
အတည်ပြု ပြီ

တီးတိန်က အမျိုးသားရဲ့ ကျန်းမာရေးအခြေအနေကတော့ ကိုယ်ပူဖျားနာတာနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေမရှိဘဲ သက်သာလျက်ရှိပြီးအဆိုပါ လူနာကို ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ဆေးရုံတွင် သီးခြားထားပြီး (isolation) ၍ စနစ်တကျစောင့်ကြပ်ကုသလျက်ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အင်္ဂလန်နိုင်ငံက မတ်လ ၂၃ ရက်နေ့မှာ လေကြောင်းခရီးနဲ့ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဝင်ရောက်လာခဲ့တဲ့ အသက် (၂၆) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားကတော့မတ်လ ၂၃ ရက်ညအထိ ကိုယ်ပူဖျားနာတာနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများမရှိကြောင်းနဲ့ ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းကာ သီးခြားထားရှိ (isolation) ၍ စနစ်တကျစောင့်ကြည့်ထားတယ်လို့ထုတ်ပြန်ပါတယ် ။

line-qr

เกาะติดข่าวสำคัญ

กดติดตาม "ข่าวสด"

single-line

ติดตามข่าวสด


ข่าวเด่นประจำวัน













ภาพที่



อัลบั้มภาพ မြန်မာနိုင်ငံ သားနှစ်ဦးတွင် ကိုရိုနာ ဗိုင်းရပ်စ်ပိုး ပထမဆုံးတွေ့
ข่าวที่เกี่ยวข้อง