Khaosod
Online

วันพฤหัสบดี ที่ 9 เม.ย. 2563

တီးတိန်က ကိုဗစ်၁၉ လူနာနဲ့ လေယာဉ်တစ်စီးတည်း စီးခဲ့သူ ၅၁ ဦးကို နေအိမ်တွေမှာ အဝင်အထွက် ကန့်သတ်စောင့်ကြည့်

26 มี.ค. 2563 - 16:48 น.

တီးတိန်ပြည်သူ့ဆေးရုံက ကိုဗစ်၁၉ လူနာအမျိုးသားနဲ့ လေယာဉ်တစ်စီးတည်း လိုက်ပါခဲ့တဲ့ ခရီးသည် ၅၁ ဦးလုံးကို သက်ဆိုင်ရာ နေအိမ်အသီးသီးမှာ စောင့်ကြည့်ကြည့်ရှုမှုတွေ ပြုလုပ်ထားတယ်လို့ ကလေးမြို့ပြည်သူ့ဆေးရုံက ဒေါက်တာဂိုခန့်နွမ်က ဘီဘီစီကိုပြောပါတယ်။

ဒီ ၅၁ ဦးလုံးကို ကလေးမြို့နယ်ပြည်သူ့ဆေးရုံအနေနဲ့ ဆက်သွယ်လို့ရခဲ့ပြီး အားလုံးဟာ ဒီကနေ့မတ်လ ၂၆ ရက်နေ့အထိ ကျန်းမာရေး ကောင်းမွန်နေ တယ်လို့ သူက ဆိုပါတယ်။

မတ်လ ၁၅ ရက်နေ့က ရန်ကုန်ကနေ ကလေးမြို့ကို ပျံသန်းခဲ့တဲ့ မြန်မာ့လေကြောင်း ခရီးစဉ်မှာ ကိုဗစ်၁၉ လူနာနဲ့အတူ ဒီ ၅၁ ဦးထဲမှာ ကလေးမြို့နယ် ထဲက ခရီးသည် ၂၇ ဦးပါဝင်ပါတယ်။

"ကလေးမြို့နယ်ထဲက သူတွေလည်း ပါတယ်။ ရန်ကုန်၊ မော်လိုက်၊ မုံရွာ၊ ဟားခါး၊ တီးတိန်၊ ထန်တလန် အဲဒီဒေသကလူတွေလည်းပါတယ်။ အားလုံးကို နေအိမ်တွေမှာ ၁၄ ရက်ကြာနေဖို့ သေချာညွှန်ကြားထားပါတယ်။ ကျွန်မတို့ မြို့နယ်ထဲက သူတွေဆိုရင်တော့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့အတူ သူတို့နေအိမ်တွေကို သွားတယ်။ သတိပြုလိုက်နာရမယ့် အချက်တွေရှိတယ်။ မိသားစုဝင်တွေလိုက်နာရမယ့်အချက်တွေရှိတယ်။ အဲဒါတွေရှင်းပြတယ်။ ကျွန်မတို့ကျန်းမာရေးဝန်ထမ်းတွေနဲ့ သူတို့နဲ့နေ့တိုင်းအဆက်အသွယ်မပြတ်ဘူး။ ရောဂါလက္ခဏာပေါ်လာတာနဲ့ ဆက်သွယ်ဖို့ ချက်ချင်း အကြောင်းကြားဖို့ပြောထားတယ်" လို့ ဒေါက်တာဂိုခန့်နွမ်က ပြောပါတယ်။

တကယ်လို့ ရောဂါလက္ခဏာပေါ်လာရင် ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ လမ်းညွှန်ချက်တွေအတိုင်း ဆက်လုပ်မှာဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

"တကယ်လို့ လက္ခဏာပေါ်လာရင် ဖျားတာ၊ ချောင်းဆိုးနှာစေးတာ ရင်ကြပ်တာ မောတာ အဆုတ်ရောင်ရောဂါ လက္ခဏာဖြစ်လာရင် ဆေးရုံကိုပို့မယ်။ လူနာတင်ယာဉ်နဲ့ သွားခေါ်မှာပေါ့"လို့ ဆိုပါတယ်။

တခြားဒေသက လူတွေကိုလည်း သက်ဆိုင်ရာဒေသန္တရ အာဏာပိုင်တွေက နေအိမ်ဝင်ထွက်သွားလာကန့်သတ်တာတွေစောင့်ကြပ်ကြည့်ရှုနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကလေးကနေ တီးတိန်ကို ကိုဗစ်၁၉ လူနာ နဲ့အတူ မှန်လုံယာဉ်တစ်စီးတည်းအတူစီးနင်းခဲ့သူ ၁၅ ဦးရှိပြီး သူတို့ကိုလည်း နေအိမ်တွေမှာ အဝင်အထွက်ကန့်သတ်စောင့်ကြည့်ထားပါတယ်။ အဲဒီ ၁၅ ဦးထဲမှာ အသက် နှစ်နှစ်ကျော်အရွယ်နဲ့ ခုနစ်နစ်အရွယ် ကလေးနှစ်ဦး ပါဝင်တယ်လို့ ကလေးခရိုင်ပြန်ဆက်ရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လောလောဆယ် ကလေးမြို့ထဲက ချင်းပြည်နယ်ထဲကနေ ကျောင်းသား၊ အစိုးရဝန်ထမ်း၊ အရေးပေါ်နဲ့ မဖြစ်မနေ လုပ်ငန်းဆောင်ရွက်ရမယ့်သူတွေ၊ ဌာနေပြန်လာသူတွေကို ပေးဝင်ပြီး ဒီလိုအမျိုးအစားထဲမပါတဲ့ တခြားအကြောင်းပြချက်နဲ့ လာသူတွေကိုတော့ ရှင်းပြပြီး ပေးမဝင်ဘဲ ကန့်သတ်ထားတယ် လို့ ဒေါက်တာဂိုခန့်နွမ်ကပြောပါတယ်။

"ဝင်လာတဲ့သူကိုလည်းအဖျားတိုင်းပြီး အဖျားရှိမရှိ သေချာစောင့်ကြည့်တိုင်းတာပြီးမှ ပေးဝင်တာပေါ့" လို့ ဆိုပါတယ်။

တီးတိန်က ကိုဗစ်၁၉ လူနာဟာ မတ်လ ၁၈ ရက်မှာ ကလေးမြို့မှာတစ်ညအိပ်တည်းခိုခဲ့ပြီးနောက် မင်္ဂလာဆောင်အတွက် အကြိုဓာတ်ပုံရိုက်သွားခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် အဲဒီဓာတ်ပုံဆိုင်အပါအဝင် သူဝင်ထွက်သွားလာခဲ့တဲ့ ကလေးမြို့က နေရာတွေကို အဝင်အထွက်ကန့်သတ်တာတွေ လုပ်ထားပါတယ်။

ကိုဗစ်၁၉ လူနာကတော့ သူ ကျန်းမာရေးကောင်းမွန်တယ်လို့ မတ်လ ၂၅ ရက်က ဘီဘီစီကိုပြောကြားထားပါတယ်။ ဒီကနေ့ မတ်လ ၂၆ ရက်မှာ သူ့အခြေအနေသိရဖို့ ထပ်ဆက်သွယ်ထားပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးပါဘူး။

တီးတိန်က ဗိုင်းရပ်စ်ကူးစက်ခံရသူနေထိုင်ခဲ့တဲ့ ကျေးရွာကိုလည်း မတ်လ ၂၄ ရက်ကစပြီး lock down လုပ်ထားသလို သူနဲ့အတူ အမေရိကက ပြန်လာတဲ့မိခင်ဖြစ်သူကိုလည်း သီးသန့်နေအိမ်တစ်လုံးမှာ စောင့်ကြပ်ကြည့်ရှုထားပါတယ်။ လက်ရှိမှာ သူ့ရဲ့ဇနီးလောင်းလည်း ဖျားနေတဲ့အတွက် နေအိမ်မှာပဲ အဝင်အထွက်ကန့်သတ်စောင့်ကြည့်ကုသပေးနေတယ်လို့ သိရပါတယ်။


ติดตามข่าวสด


ข่าวเด่นประจำวัน













ภาพที่



อัลบั้มภาพ တီးတိန်က ကိုဗစ်၁၉ လူနာနဲ့ လေယာဉ်တစ်စီးတည်း စီးခဲ့သူ ၅၁ ဦးကို နေအိမ်တွေမှာ အဝင်အထွက် ကန့်သတ်စောင့်ကြည့်
ข่าวที่เกี่ยวข้อง