Khaosod
Online

วันอาทิตย์ ที่ 31 พ.ค. 2563

ကိုရိုနာကြောင့် ရန်ကုန်နဲ့ မန္တလေးမှာ အိမ်အပြင်မထွက်ဖို့ ကန့်သတ်ချက်တွေစတင်မယ်၊ ကျန်းမာရေးဝန်ကြီးဌာနပြောခွင့်ရသူ ခန့်အပ် အပါအဝင် ဧပြီ ၄ ရက် မနက်ခင်းထိပ်တန်းသတင်းများ

4 เม.ย. 2563 - 09:27 น.

(၁) ကိုရိုနာကြောင့် ရန်ကုန်နဲ့ မန္တလေးမှာ အိမ်အပြင်မထွက်ဖို့ ကန့်သတ်ချက်တွေ စတင်လုပ်ဆောင်မယ်

ကိုဗစ်၁၉ လူနာနံပါတ် ၁၅ ကနေ သူ့မိသားစုဝင်လေးဦးကို ကူးစက်ခံရတဲ့နောက် ပြည်တွင်းကူးစက်မှုတွေရှိ လာတဲ့အတွက် ရန်ကုန်နဲ့မန္တလေးမှာ ကန့်သတ်ချက်တချို့ လုပ်ဖို့ အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။

ရန်ကုန်မှာတော့ ဧပြီ ၁၀ ရက်ကနေ ၁၉ ရက်အတွင်း မဖြစ်မနေ လုပ်ရမယ့် ကျန်းမာရေးကိစ္စတွေနဲ့ အစားအသောက်ဝယ်ဖို့ကလွဲလို့ အိမ်ထဲက အိမ်ပြင်မထွက်ဖို့နဲ့ ကိုယ့်အိမ်မှာပဲ ကိုယ်နေထိုင်ဖို့ အသွားအလာကန့်သတ်တဲ့အစီအစဉ်မှာ ပြည်သူတွေ ပါဝင်ရေး ကြပ်မတ်ဆောင်ရွက်သွားမယ်လို့ တိုင်းအစိုးရရဲ့ ဧပြီ ၂ရက် ရက်စွဲနဲ့ အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။

"ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူတွေ အသိစိတ်ဓာတ်ရှိရှိနဲ့ အားလုံးဝိုင်းဝန်းပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းပါတယ်" လို့ ရန်ကုန်တိုင်းလူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားရင်းမြစ်ဆိုင်ရာဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ဘီဘီစီကိုပြောပါတယ်။

တစ်ခါ မန္တလေးမှာလည်း ဧပြီလ ၇ ရက်ကနေ၂၁ ရက်အထိ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းတွေအားလုံးကို ရပ်နားထားပြီး အခြေအနေပေါ်မူတည်ပြီး ကန့်သတ်တဲ့ ဆုံးဖြတ်ချက်တွေထပ်မံချမှတ်သွားမယ်လို့ မြို့တော်ဝန်ဖေ့စ်ဘွတ်မှာ ဖော်ပြခဲ့ပါတယ်။

စားသောက်ကုန်၊ဆေးနဲ့ ဆေးပစ္စည်းတွေ မပြတ်လပ်စေဖို့တော့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေကို ဆက်လက်ခွင့်ပြုထားမှာ ဖြစ်ပါတယ်။ မလိုအပ်တဲ့ ခရီးသွားလာမှုမျိုး၊ အပန်းဖြေ၊ ဘုရားဖူး၊ အလည်အပတ် စတာတွေ မလုပ်စေချင်တဲ့အတွက် ဟိုတယ်နဲ့တည်းခိုခန်းတွေအားလုံးကိုပါ ပိတ်ထားမှာ ဖြစ်ပါတယ်။

ကူးစက်မှုကိုလျော့နည်းနိုင်သမျှနည်းစေချင်တာကြောင့် ပြည်သူတွေ အိမ်ထဲမှာပဲ နေကြဖို့လည်း မြို့တော်ဝန်ဦးရဲလွင်က အထူးမှာကြားထားပါတယ်။ မဖြစ်မနေအပြင်ထွက်ရပြီဆိုရင်တောင် နှာခေါင်းစည်းမတပ်ဘဲမထွက်ဖို့နဲ့ လောလောဆယ် မန်းလေးမှာ အပြင်ထွက်တဲ့သူပြန်များလာသလို mask မတပ်သူတွေများနေတာက ကိုဗစ်၁၉ ရောဂါပြန့်ပွားမှုကိုအားပေးနေရာရောက်တယ်လို့လည်း ဆရာဝန်တစ်ဦးဖြစ်တဲ့ မန်းလေးမြို့တော်ဝန်က သတိပေးထားပါတယ်။ ပြည်သူတွေအားလုံး ညီညီညွတ်ညွတ် လိုက်နာကြဖို့နဲ့အိမ်ထဲကအိမ်ပြင်လုံးဝမထွက်ရတဲ့အခြေအနေမျိုး Total lockdown နဲ့မကြုံချင်ရင် အားလုံးလိုက်နာပေးကြဖို့လည်း ပန်ကြားထားပါတယ်။

အခုဆို ဧပြီ ၄ ရက်မနက်အထိ မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ ၂၀ ဦး၊သေဆုံးသူ တစ်ဦးနဲ့ စောင့်ကြည့်လူနာ လေးရာကျော်ရှိနေပါတယ်။

(၂) ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူခန့်အပ်

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်အဖြစ် အဆိုပါ ဝန်ကြီးရုံးညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်ကို ခန့်အပ်လိုက်ပါတယ်။

မတ်လ ၃၀ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ အဲဒီစာကို မနေ့က ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဖေ့စ်ဘွတ်စာမျက်နှာကဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအသွင်ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်၁၉ နဲ့ ပတ်သက်ပြီး ကာကွယ်ထိန်းချုပ် ကုသရေးဆိုင်ရာလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေတာတွေနဲ့ပတ်သက်ပြီးအများပြည်သူနဲ့ သတင်းမီဒီယာတွေကို ဆက်သွယ်အသိပေးပြောကြားဖို့အတွက် ဒေါက်တာသာထွန်းကျော်ကို တာဝန်ပေးလိုက်တယ်လို့ ဖော်ပြထားပါတယ်။

ယခင်က ကိုဗစ်၁၉ ဗိုင်းရပ်စ် နဲ့ပတ်သက်လို့ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲက ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက တာဝန်ယူ ဖြေကြားပေးနေတာ ဖြစ်ပါတယ်။

ဒေါက်တာခင်ခင်ကြီးက ကိုဗစ်၁၉ ဓာတ်ခွဲအတည်ပြုလူနာမတွေ့ခင်ကနေ တာဝန်ယူခဲ့တာ အခုဆို သုံးလ ရှိပြီဖြစ်ပြီး ဒီနောက်ပိုင်း ပိုးတွေ့လူနာ ၂၀ ထိ ရှိသွားတဲ့အတွက် တစ်ဦးတည်း လုပ်ဆောင်တာထက် အဖွဲ့လိုက် လုပ်ဆောင်တာက ပိုမိုအဆင်ပြေပြီး စနစ်ကျမှာမို့ အဖွဲ့ကို အဆင့်မြှင့်တင်ရကြောင်း မနေ့က သူ့ရဲ့ လူမှုကွန်ရက်အကောင့်မှာရေးသားထားပါတယ်။

ဒါဟာ သတင်းပြန်ကြားရေးအထောက်အကူပြုအဖွဲ့ကို ဖွဲ့စည်းတာ၀န်ပေးတာဖြစ်ပြီး အဖွဲ့မှာ ဒေါက်တာသာထွန်းကျော်က ဦးဆောင်ပြီး သူအပါအဝင် အဖွဲ့ဝင် ၇ ဦး ပါဝင်ထားတယ်လို့ ရေးသားထားပါတယ်။

ဒေါက်တာခင်ခင်ကြီးကတော့ မီဒီယာစောင့်ကြည့်ခြင်းနဲ့ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ သတင်းအချက်အလက် ရှာဖွေရေးကို ဆောင်ရွက်ရမှာ ဖြစ်တယ်လို့လည်းရေးသားထားပါတယ်။

(၃) နေရပ်ပြန်ခရီးသွားမယ့် အားကာဝန်ထမ်းတွေ သီးသန့်စောင့်ကြည့်မှုခံယူရမယ်လို့ထုတ်ပြန်

အားကစားနဲ့ ကာယပညာဦးစီးဌာန၊ ဌာနခွဲတွေနဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေအနေနဲ့ နယ်ကျော် ဒါမှမဟုတ် ကိုယ့်ဇာတိဒေသကို ပြန်လည်သွားရောက်မယ်ဆိုရင် ဧပြီ ၃ ရက်ကစလို့ သွားရောက်နိုင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အဲဒီလိုသွားရောက်မယ်ဆိုရင် သက်ဆိုင်ရာဒေသတွေကနေ ကိုဗစ် ၁၉ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း (quarantine) ခံယူပြီး သွားရောက်ရမယ်လို့ ဖော်ပြပါရှိပါတယ်။

နေပြည်တော်က ဝန်ထမ်းတွေလည်း လိုအပ်ပါက ခရီးကနေ ပြန်လည်ရောက်ရှိချိန်မှာ အဲဒီလို သီးသန့်စောင့်ကြပ်ကြည့်ရှုမှုကို ခံယူရမယ်လို့ လည်း ဖော်ပြထားပါတယ်။

ဘာရောဂါမှမရှိပေမယ့် ပြည်တွင်းကနေ တစ်နေရာက တစ်နေရာကို သွားတဲ့အခါ အခုလို ကွာရန်တင်းလုပ်တာဟာ ရောဂါလက္ခဏာ တစ်စုံတစ်ရာမပြဘဲ ရောဂါကူးစက်ခံနေရတဲ့ Positive ပြတဲ့သူတွေ ရှိလာတာကြောင့် အခုလို strict quarantine(တင်းကြပ်တဲ့စောင့်ကြပ်ကြည့်ရှုမှု) ကို လုပ်လာတာဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အရာရှိတစ်ဦးက ဘီဘီစီကို ရှင်းပြပါတယ်။

(၄) ကိုရိုနာကြောင့် တရုတ်မှာ ဘိုးဘေးဝိဉာဉ်ကန်တော့ပွဲ အွန်လိုင်းကနေ ပြုလုပ်ကြ

ဒီပွဲတော်အတွက် ကိုယ်စားဝန်ဆောင်မှုပေးသူတချို့က အလုပ်အပ်သူအတွက် အခုလို မှတ်တမ်းတင်ကြ
Getty Images
ဒီပွဲတော်အတွက် ကိုယ်စားဝန်ဆောင်မှုပေးသူတချို့က အလုပ်အပ်သူအတွက် အခုလို မှတ်တမ်းတင်ကြ

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် တရုတ်မှာ ကွယ်လွန်သွားတဲ့ဘိုးဘေးတွေကို ဂါရဝပြုကန်တော့ပွဲကို ဒစ်ဂျစ်တယ်နည်းပညာနဲ့ ပြုလုပ်ခဲ့ကြပါတယ်။

အုတ်ဂူသန့်ရှင်းရေးနေ့ qingming ပွဲတော်လို့ ခေါ်တဲ့ အဲဒီပွဲတော်နေ့မှာဆိုရင် လူတွေဟာ မိတ်ဆွေတွေ၊ မိသားစုတွေနဲ့အတူ သင်္ချိုင်းတွေကို လာရောက်ကြပြီး ဘိုးဘေးတွေရဲ့ အုတ်ဂူပတ်ဝန်းကျင်ကို သန့်ရှင်းပြီးတဲ့နောက် သွားလေသူတွေရဲ့ ဝိညာဉ်တွေအတွက် ဆုတောင်းမေတ္တာ ပို့သတာတွေ လုပ်ကြလေ့ရှိပါတယ်။

ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အစိုးရက လူတွေကို ခပ်ခွာခွာနေကြဖို့ အကြံပြုထားတဲ့အတွက် တချို့သင်္ချိုင်းတွေမှာ ကြိုတင်စာရင်းပေးထားတဲ့ သူတွေကလွဲလို့ တခြားသူတွေကို သင်္ချိုင်းတွေ လာရောက်ခွင့် တားမြစ်ပိတ်ပင်ထားပါတယ်။

ရာစုနှစ်များစွာ ပြုလုပ်ခဲ့တဲ့ အစဉ်အလာကိုထိန်းသိမ်းတဲ့အနေနဲ့ တခြားကုမ္ပဏီတွေနဲ့ မီးသဂြိုဟ်ပေးတဲ့နေရာကတော့ ဘိုးဘေးဝိညာဉ်တွေကို ကန်တော့ လိုသူတွေအတွက် ခေတ်မီနည်းပညာကို သုံးစွဲလာကြပါတယ်။

အလုပ်အပ်သူတွေကိုယ်စား ဝန်ဆောင်မှုပေးသူတွေက ဘိုးဘေးတွေရဲ့ဝိညာဉ်ကို အရိုအသေပေးနေကြတာပါ။
Getty Images
အလုပ်အပ်သူတွေကိုယ်စား ဝန်ဆောင်မှုပေးသူတွေက ဘိုးဘေးတွေရဲ့ဝိညာဉ်ကို အရိုအသေပေးနေကြတာပါ။

Heavenly Cemetery ဆိုတဲ့ ဝက်ဘ်ဆိုက်ဆိုရင် သာမန်ဈေးဝယ်ဝက်ဘ်ဆိုက်တစ်ခုလိုပါပဲ။ ဒါပေမဲ့ ဒီဝဘ်ဆိုက်မှာဆိုရင် လူများအတွက် ကိယ်ချစ်မြတ်နိုးရသူတွေအတွက် ကိုယ်ပိုင် အောက်မေ့ဖွယ်ခန်းမများကို ထားရှိနိုင်ပြီး အဲဒီမှာ မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေလည်း ပါဝင်နိုင်အောင် စီမံပေးထားတာပါ။ အဲဒီမှာ ဆွေမျိုးတွေက ဖယောင်းတိုင်ထွန်းနိုင်သလို ပိုက်ဆံတွေကိုလည်း မီးရှို့နိုင်ပြီး တရုတ်ဝိုင်၊ ဘီယာနဲ့ ဆန် စတဲ့ ပူဇော်ပသစရာပစ္စည်းတွေကိုလည်း မှာယူနိုင်အောင် စီမံထားပါတယ်။

နောက်တမျိုးကတော့ ကိုယ်တိုင် သင်္ချိုင်းဆီသွားစရာမလိုဘဲ ဝန်ထမ်းတချို့ကို စေလွှတ်ပြီး အုတ်ဂူသန့်ရှင်းရေးနဲ့ ဘိုးဘေးပူဇော်ပွဲ ပြုလုပ်နိုင်တဲ့ ဝန်ဆောင်မှုကို တချို့ကုမ္ပဏီတွေက စီစဉ်ပေးပါတယ်။

ကိုယ့်ကိုယ်စား အဲဒီလို ဝန်ဆောင်မှုက ဝန်ထမ်းတချို့က အုတ်ဂူတွေကို သန့်ရှင်းပေးနေတာကို လိုက်ဖ်လွှင့်ပြသပြီး အဲဒီကနေ တိုက်ရိုက်ကြည့်ရှု နိုင်အောင် စီမံပေးတာဖြစ်ပါတယ်။ တချို့ကတော့ ဓာတ်ပုံတွေ ပေးပို့တာမျိုးလည်း ရှိပါတယ်။

တရုတ်ဟာ ကိုရိုနာဗိုင်းရပ်စ် စတင်ပြန့်နှံ့ဖြစ်ပွားခဲ့တဲ့နိုင်ငံဖြစ်ပြီး ဒီကနေ့အထိ ရောဂါကူးစက်ခံရသူ ၈၁,၀၀၀ ကျော်၊ သေဆုံးသူ ၃,၃၀၀ ကျော်နဲ့ ပြန်လည်ကျန်းမာလာသူ ၇၆,၇၅၅ ဦး ရှိနေပါတယ်။

line-qr

เกาะติดข่าวสำคัญ

กดติดตาม "ข่าวสด"

single-line

ติดตามข่าวสด


ข่าวเด่นประจำวัน













ภาพที่



อัลบั้มภาพ ကိုရိုနာကြောင့် ရန်ကုန်နဲ့ မန္တလေးမှာ အိမ်အပြင်မထွက်ဖို့ ကန့်သတ်ချက်တွေစတင်မယ်၊ ကျန်းမာရေးဝန်ကြီးဌာနပြောခွင့်ရသူ ခန့်အပ် အပါအဝင် ဧပြီ ၄ ရက် မနက်ခင်းထိပ်တန်းသတင်းများ
ข่าวที่เกี่ยวข้อง