Khaosod
Online

วันพฤหัสบดี ที่ 4 มิ.ย. 2563

မန္တလေးကလူနာမှာ ပိုးထပ်မတွေ့ရင် ပထမဆုံး ဆေးရုံဆင်းရသူ ဖြစ်လာဖွယ်ရှိ

5 เม.ย. 2563 - 12:09 น.

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၁ ဦးထဲက လူနာနံပါတ် ၁၅ နဲ့ ၁၆ ဟာ ရောဂါဝေဒနာပြင်းထန်တဲ့အတွက် အသက်ရှူစက်ပေါ် တင်ပေးထားရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာသာထွန်းကျော်က ဘီဘီစီကိုပြောပါတယ်။

"လူနာနှစ်ယောက်ကို အထူးကြပ်မတ်ကုသဆောင်မှာ တင်ပြီးတော့ ဆေးကုသနေရတဲ့အနေအထားရှိပါတယ်။ နောက် ventilator (အသက်ရှူစက်) တင်ထားရပါတယ်။ ရောဂါအခြေအနေက ပြင်းထန်တယ်လို့ ပြောလို့ရပါတယ်" လို့ သူကပြောပါတယ်။

လူနာနံပါတ် ၁၅ ဟာ လူနာနံပါတ် ၈ နဲ့ ဆက်စပ်မှုရှိခဲ့တဲ့ လူနာနံပါတ် ၁၁၊ ၁၂ နဲ့ ၁၃ (ပြင်သစ်နိုင်ငံသား ၃ ဦး) တို့ ကျန်းမာရေးထောက်ခံစာတွေ လာရောက် ထုတ်ယူတဲ့ ရန်ကုန်မြို့၊ ပုဂ္ဂလိက ဆေးခန်းတစ်ခုမှာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး မတ်လကုန်ပိုင်းမှာ ဖျားနာချောင်းဆိုး မောပန်းလာတဲ့အတွက် ဆေးရုံသွားပြရာက ကိုဗစ် ၁၉ ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိထားသူဖြစ်ပါတယ်။

သူကနေမှတစ်ဆင့် ခင်ပွန်းဖြစ်သူ ပေါက်ခေါင်းမြို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ သားသမီးနှစ်ဦးနဲ့ တူမဖြစ်သူတို့ကို ကူးစက်မှုရှိထားပါတယ်။ ဒီလူနာလေးဦးမှာတော့ ခင်ပွန်းဖြစ်သူ လူနာနံပါတ် ၁၇ မှာ အဖျားနည်းနည်းရှိပြီး ကျန်သုံးဦးကတော့ ကျန်းမာရေးကောင်းမွန်တယ်လို့ ပြည်မြို့နယ်ပြည်သူ့ဆေးရုံက ပြောကြားထားပါတယ်။

လူနာနံပါတ် ၁၆ ဟာ ဒူဘိုင်းကနေ ပြန်လာတဲ့သားဖြစ်သူကို လေဆိပ်မှာ ကြိုဆိုခဲ့ပြီးတဲ့နောက် တစ်ပတ်အကြာမှာ မောပန်း နေမကောင်းဖြစ်လာလို့ ဆေးရုံမှာသွားပြရာကတစ်ဆင့် ကိုဗစ်၁၉ ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိထားပါတယ်။

ဒီလူနာနှစ်ဦးလုံးမှာ မူလရောဂါအခံတွေရှိပြီး လူနာနံပါတ် ၁၅ ဟာ အသက် ၄၅ နှစ်နဲ့ လူနာနံပါတ် ၁၆ ဟာအသက် ၆၃ နှစ်အရွယ် ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာမှာ ကိုဗစ်၁၉ ပထမဆုံးလူနာတွေ့ခဲ့ပြီး ၁၄ ရက်ပြည့်တဲ့နေ့ဖြစ်ပြီး နောက်ထပ် ၂ ပတ် ၃ ပတ်အတွင်း ရောဂါပျံ့ပွားနှုန်း ဘယ်လောက်မြန်နိုင်မယ်ဆိုတာ ပေါ်လွင်လာပါလိမ့်မယ်လို့ သူ့ရဲ့ လူမှုကွန်ရက်အကောင့်မှာ မနေ့က ရေးသားထားပါတယ်။

ဒါကြောင့် ပထမဆုံးပိုးတွေ့လူနာဖြစ်တဲ့ တီးတိန်ပြည်သူ့ဆေးရုံက လူနာနံပါတ် ၁ ရဲ့ ကျန်းမာရေးအခြေအနေနဲ့ဆေးရုံက ဆင်းနိုင်တဲ့အခြေအနေရှိမရှိ မေးမြန်းတဲ့အခါ ဒေါက်တာသာထွန်းကျော်က

"မဆင်းရသေးပါဘူး။ ဆေးရုံက ဆင်းဖို့အတွက် ကျွန်တော်တို့ ၁၄ ရက်ဆိုတဲ့ ကန့်သတ်ချက်နဲ့ မစဉ်းစားပါဘူး။ သူတို့ဆီက ဓာတ်ခွဲနမူနာတွေကို စမ်းသပ်စစ်ဆေးပြီးမှ ဆေးရုံက ဆင်းခွင့်ပြုမှာဖြစ်ပါတယ်။ လက်ရှိမှာ တီးတိန်လူနာကို ဆေးရုံဆင်းဖို့ စီစဉ်ဆောင်ရွက်ထားတာမရှိသေးပါဘူး" လို့ ပြောပါတယ်။

လူနာ ၂၁ ဦးအနက် ၁ ဦးကတော့ ရောဂါအခံကြောင့် သေဆုံးထားပါတယ်။ ကျန် ၂၀ ဦးမှာ လူနာနံပါတ် ၁၅ နဲ့ ၁၆ က ရောဂါပြင်းထန်နေပြီးကျန် လူနာ ၁၈ ဦးအခြေအနေကတော့ တည်ငြိမ်နေတယ်လို့ ဒေါက်တာသာထွန်းကျော်ကပြောပါတယ်။

အဲဒီ ၁၈ ဦးအနက် မန္တလေး၊ ကန်တော်နဒီဆေးရုံက အမေရိကန်နိုင်ငံသား မြန်မာလူမျိုး လူနာနံပါတ် ၄ ကို ဆေးပြန်စစ်ရာမှာ တစ်ကြိမ် negative တွေ့ထားရပြီးဖြစ်တယ်လို့ ဒေါက်တာသာထွန်းကျော်က အတည်ပြုပါတယ်။

"နောက်ထပ်တစ်ကြိမ်ထပ်စစ်ဖို့ ဆောင်ရွက်နေပါတယ်။ WHO(ကမ္ဘာ့ကျန်းမာရေးအဖွဲ့)ရဲ့ သတ်မှတ်ချက်က နှစ်ကြိမ် ဆက်တိုက် ပိုးမတွေ့မှသာလျှင် ဆေးရုံက ဆင်းခွင့်ပြုမှာဖြစ်ပါတယ်။ ကျန်တဲ့လူနာတွေလည်း ဆေးရုံကနေ ဆင်းဖို့အခြေအနေမရှိသေးပါဘူး။ ပထမဆုံးဆင်းမယ်ဆိုရင် မန္တလေးက လူနာက ဆင်းဖို့အတွက် criteria (စံသတ်မှတ်ချက်) နဲ့ ပထမဆုံးပြည့်မယ့်လူနာလို့ ကျွန်တော်တို့ ယူဆထားပါတယ်" လို့ သူက ပြောပါတယ်။

ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးထုတ်ဖို့ အဆိုလာပြုတဲ့ အဖွဲ့တစ်ဖွဲ့ကို ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ ဆေးပညာရှင်တွေနဲ့ တွေ့ဆုံပြီး ဆက်လက်ဆွေးနွေးဖို့ ခွင့်ပြုထားတယ်လို့ ဒေါက်တာသာထွန်းကျော်က ပြောပါတယ်။

"တစ်ကြိမ် ဆွေးနွေးပြီးသွားပါပြီ။ တင်ပြတဲ့အချက်အလက်တွေကိုတော့ အသေးစိတ်မသိရသေးပါဘူး။ သူတို့ဆီက အစီရင်ခံစာတက်လာမှ သိရမှာပါ။ ကာကွယ်ဆေးထုတ်ဖို့အခြေအနေကတော့ တော်တော်ခက်ခဲတဲ့နည်းပညာပိုင်းဆိုင်ရာလို့ ကျွန်တော်တို့ယူဆပါတယ်။ ဖြစ်နိုင်ခြေရှိမရှိကတော့ ရရှိတဲ့အခြေအနေပေါ်မူတည်မှာပါခင်ဗျာ" လို့ သူက ပြောပါတယ်။

ဒီကာကွယ်ဆေးထုတ်ဖို့ ကနဦး စမ်းသပ်စစ်ဆေးမှုတွေအတွက် ကုန်ကျစရိတ် သိန်း ၁၅၀ ကိစ္စကတော့ ဖြစ်နိုင်ခြေရှိမှပဲ ဒါကို ခွင့်ပြုပေးမှာ ဖြစ်တယ်လို့ ဒေါက်တာသာထွန်းကျော်က ရှင်းပြပါတယ်။

ကာကွယ်ဆေးထုတ်ဖို့ အဆိုပြုထားသူ ဒေါက်တာအောင်မြင့်ဟာ အရင်က ကြက်မွေးမြူရေးလောကမှာ ကိုရိုနာဗိုင်းရပ်စ်တစ်မျိုးဖြစ်တဲ့ ကြက်တွေမှာ ဖြစ်ပွားတဲ့ လေပြွန်ရောင်ရောဂါအတွက် ကိုယ်တိုင် ကာကွယ်ဆေးထုတ်ဖူးကြောင်း Than Zaw Oo အမည်နဲ့ ဖေ့စ်ဘွတ်အကောင့် ကရေးသား ထားပါတယ်။

ကိုဗစ်၁၉ ကာကွယ်ဆေးကို တရုတ်၊ အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့မှာ စမ်းသပ်နေပြီး ပြီးခဲ့တဲ့လအတွင်းကစလို့ လူတချို့မှာ စမ်းသပ်မှုတွေပြုလုပ် ထားပါတယ်။

ကာကွယ်ဆေးအမှန်တကယ်ထုတ်နိုင်ဖို့က နောက်ထပ် ၁၈ လလောက်ကြာနိုင်တယ်လို့ ခန့်မှန်းချက်တွေရှိထားကြောင်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲက ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဘီဘီစီကိုပြောကြားထားပါတယ်။

line-qr

เกาะติดข่าวสำคัญ

กดติดตาม "ข่าวสด"

single-line

ติดตามข่าวสด


ข่าวเด่นประจำวัน













ภาพที่



อัลบั้มภาพ မန္တလေးကလူနာမှာ ပိုးထပ်မတွေ့ရင် ပထမဆုံး ဆေးရုံဆင်းရသူ ဖြစ်လာဖွယ်ရှိ
ข่าวที่เกี่ยวข้อง