Khaosod
Online

วันพฤหัสบดี ที่ 4 มิ.ย. 2563

ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ကို အထူးကြပ်မတ်ကုသဆောင်ဆီ ခေါ်သွားရ

7 เม.ย. 2563 - 03:12 น.
ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်
Getty Images
လွန်ခဲ့တဲ့ ဆယ်ရက်ကစလို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရလို့ သီးခြားခွဲနေခဲ့ရ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ခံနေရတဲ့ ဗြိတိသျှဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကို ရောဂါလက္ခဏာတွေ ဆိုးလာတဲ့အတွက် အရေးပေါ် အထူးကြပ်မတ်ကုသဆောင်ဆီ ခေါ်သွားခဲ့ရပြီလို့ ဝန်ကြီးချုပ်ရုံးကပြောပါတယ်။

လိုအပ်တဲ့ နေရာတွေမှာ သူ့ကိုယ်စား ဆောင်ရွက်ဖို့ နိုင်ငံခြားရေးဝန်ကြီး ဒိုမစ်နစ်ရာ့ဘ်ကို မစ္စတာဂျွန်ဆင်က မှာခဲ့တယ်လို့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

ဗိုင်းရပ်စ်ကူးစက်ခံရလို့ နေအိမ်မှာပဲ သီးခြားခွဲနေနေရတဲ့ ဝန်ကြီးချုပ် မစ္စတာဂျွန်ဆင် ရောဂါလက္ခဏာတွေ မပျောက်နိုင်လို့ မနေ့ တနင်္ဂနွေနေ့က လန်ဒန်က စိန့်သောမတ်စ်ဆေးရုံကို တင်ခဲ့ရပါတယ်။

ဆရာဝန်တွေရဲ့ ကြပ်မတ်ကုသမှုကို ခံယူခဲ့ပေမယ့် ဒီကနေ့နေ့လယ်ပိုင်းကစလို့ မသက်သာပဲ ပိုဆိုးလာခဲ့တဲ့အတွက် ဝန်ကြီးချုပ်ရဲ့ ဆေးအဖွဲ့ရဲ့ အကြံပြုချက်အရ သူ့ကို အရေးပေါ်အထူးကုသဆောင်ထဲ ခေါ်သွားခဲ့ရတာဖြစ်တယ်လို့ ဝန်ကြီးချုပ်ရုံက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ချားလ်စ် မင်းသား ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံထားရ

ကိုရိုနာဗိုင်းရပ်စ်ကို ဘယ်လိုကာကွယ်နေထိုင်မလဲ

ဝန်ကြီးချုပ်ကို အထူးဂရုစိုက်ကုသပေးနေကြတဲ့ ဆရာဝန် ဆရာမတွေ သူနာပြုတွေကို ဝန်ကြီးချုပ်က ကျေးဇူးတင်ကြောင်းပြောပါတယ်လို့လည်း ကြေညာချက်မှာ ဆက်လက်ဖော်ပြပါတယ်။

အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာဂျွန်ဆင်ကို ပြီးခဲ့တဲ့ ဆယ်ရက်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ကြောင်း ဆေးစစ်တွေ့ရှိခဲ့ပါတယ်။

သူ့ရဲ့ ရောဂါလက္ခဏာတွေမှာ အဖျားကြီးတာနဲ့ ချောင်းဆိုးတာတို့ ပါဝင်ပါတယ်။

တနင်္လာနေ့မနက်အစောပိုင်းတုန်းကတော့ သူက တွစ်တာကနေ သူ စိတ်ရွှင်လန်းတက်ကြွနေပါတယ်လို့ ရေးပြီးတင်ခဲ့ပါသေးတယ်။

line-qr

เกาะติดข่าวสำคัญ

กดติดตาม "ข่าวสด"

single-line

ติดตามข่าวสด


ข่าวเด่นประจำวัน













ภาพที่



อัลบั้มภาพ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ကို အထူးကြပ်မတ်ကုသဆောင်ဆီ ခေါ်သွားရ
ข่าวที่เกี่ยวข้อง