Khaosod
Online

วันอาทิตย์ ที่ 29 พ.ย. 2563

အမ်ဖန်မုန်တိုင်းကြောင့် အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်မှာ မိုးကြီးနေ

20 พ.ค. 2563 - 12:12 น.
မိုးသက်လေပြင်းတွေကျ
Getty Images
မိုးသက်လေပြင်းတွေကျ

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ မိုးကြီးပြီးလေပြင်းတွေတိုက်နေပြီး စူပါဆိုင်ကလုန်းမုန်တိုင်းဟာ မကြာခင်နာရီပိုင်းအတွင်း ကုန်းတွင်းပိုင်းကိုဝင်ရောက်လာတော့ မယ်လို့ ခန့်မှန်းထားပါတယ်။

ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းအမ်ဖန်ကြောင့် ကြိုတင်ပြင်ဆင်မှုအနေနဲ့ နိုင်ငံ ၂ခုစလုံးမှာ သန်းနဲ့ချီတဲ့ ပြည်သူတွေကို ရွှေ့ပြောင်းပေးတာတွေကိုလုပ်ဆောင်ခဲ့ ပါတယ်။

အိန္ဒိယနိုင်ငံ မိုးလေဝသဌာနက မုန်တိုင်းအမ်ဖန်ဟာ မွန်းလွဲပိုင်းနဲ့ ညနေပိုင်းအချိန်ကြားထဲမှာ ကုန်းတွင်းကို ဝင်ရောက်တိုက်ခတ်လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

မကြာခင်နာရီပိုင်းအတွင်း ကုန်းတွင်းပိုင်းကိုဝင်ရောက်လာတော့မယ်
Getty Images
မကြာခင်နာရီပိုင်းအတွင်း ကုန်းတွင်းပိုင်းကိုဝင်ရောက်လာတော့မယ်

လက်ရှိမှာ ဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါက နှစ်နိုင်ငံစလုံးက အာဏာပိုင်တွေကို ပိုပြီးအခက်တွေ့စေပါတယ်။

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ ကျောင်းတွေနဲ့အဆောက်အအုံတွေကို မုန်တိုင်းခိုဖို့ ယာယီစခန်းတွေအဖြစ် ပြောင်းလဲဖို့ပြင်ဆင်နေပါတယ်။

ဒါပေမယ့် ကပ်ရောဂါအခြေအနေအရလူတွေကို နေရာချတဲ့နေရာမှာ ခပ်ခွာခွာနေရမယ့်ဆိုတဲ့အချက်တွေကိုလိုက်နာဖို့ဆိုတဲ့ ပုံမှန်ထက် ပိုပြင်ဆင်ရမှာတွေရှိနေပါတယ်။

အနောက်ဘင်္ဂလားပြည်နယ်မှာတော့ လူတွေက ကိုဗစ်-၁၉ ကူးစက်ခံရမှာကြောက်လို့ မုန်တိုင်းရှောင်စခန်းတွေကို သွားဖို့ဆန္ဒမရှိတာကြောင့် ဆိုးဆိုးရွားရွားထိခိုက်မှုရှိလာနိုင်တယ်လို့ ခန့်မှန်းထားကြောင်း ပြည်နယ်ရဲဌာနက ဘီဘီစီကိုပြောပါတယ်။

ကူညီရေးအဖွဲ့ပေါင်း ၂၀ ကျော် ကိုတာဝန်ပေးထားပြီး နောက်ထပ် အဖွဲ့အများအပြားကိုလည်း အဆင်သင့်လုပ်ထားတယ်လို့ အစိုးရ အရာရှိတွေက ပြောပါတယ်။

အမ်ဖန်မုန်တိုင်းဟာ ဆယ်စုနှစ်တစ်ခုအတွင်း အကြီးမားဆုံးသော မုန်တိုင်းတစ်ခုဖြစ်လာမယ်လို့ မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။

မုန်တိုင်းဟာ ကမ်းရိုးတန်းကိုဝင်ရောက်တဲ့အခါ တစ်နာရီကို ၁၁၅ မိုင်နှုန်းနဲ့အထက် တိုက်ခတ်နိုင်တယ်လို့ခန့်မှန်းထားပြီး ဒါဟာ အဆင့်၅ရှိတဲ့ ဟာရီကိန်းမုန်တိုင်းပြင်းအားနဲ့ညီမျှပါတယ်။

ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကတော့ ၂၀၀၇ ခုနှစ်မှာတိုက်ခိုက်ခဲ့ပြီး လူ ၃၅၀၀ လောက်သေစေခဲ့တဲ့ ဆိုင်ကလုန်း Sidr အပြီးမှာ အပြင်းထန်ဆုံးသော မုန်တိုင်းဖြစ်လာမှာ စိုးရိမ်နေတယ်လို့ ဆိုပါတယ်။

line-qr

เกาะติดข่าวสำคัญ

กดติดตาม "ข่าวสด"

single-line

ติดตามข่าวสด


ข่าวเด่นประจำวัน













ภาพที่



อัลบั้มภาพ အမ်ဖန်မုန်တိုင်းကြောင့် အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်မှာ မိုးကြီးနေ
ข่าวที่เกี่ยวข้อง