Khaosod
Online

วันเสาร์ ที่ 30 พ.ค. 2563

လူ ၁၀၀ ခန့်တင်လာတဲ့ ပါကစ္စတန် ခရီးသည်တင်လေယာဥ်ပျက်ကျ

22 พ.ค. 2563 - 19:27 น.
လေယာဥ်ပျက်ကျတဲ့နေရာကို ကယ်ဆယ်ရေးလုပ်နေစဥ်
Getty Images
လေယာဥ်ပျက်ကျတဲ့နေရာကို ကယ်ဆယ်ရေးလုပ်နေစဥ်

ကိုရိုနာကြောင့် နိုင်ငံတွင်း ပိတ်ဆို့မှုတွေ လုပ်ထားရာကနေ လေယာဥ်တွေ စတင်ပျံသန်းပြီး ရက်ပိုင်းအကြာမှာ ပါကစ္စတန် နိုင်ငံတကာ လေကြောင်း PIA က လေယာဥ်တစ်စင်း ဒီကနေ့ မေ ၂၂ ရက် ကြာသပတေးနေ့မှာ ကရာချိမြို့မှာ ပျက်ကျခဲ့ပါတယ်။

လေယာဥ်ဝန်ထမ်း ၈ ဦး အပါအဝင် လူ ၉၉ ယောက်ခန့်တင်ဆောင်လာတဲ့ ဒီလေယာဥ်ဟာ လာဟိုးမြို့ကနေ ကရာချိမြို့ ကို ပျံသန်းလာတာ ဖြစ်ပါတယ်။

လေယာဥ်ပျက်ကျမှုကြောင့် အထိအခိုက် အပျက်အစီး ဘယ်လောက်ရှိတယ်ဆိုတာနဲ့ လေယာဥ်ပေါ်လိုက်ပါလာသူ အရေအတွက်ကို အတည်ပြုနေဆဲ ဖြစ်ပြီး လေယာဥ်ပေါ်ကလူတွေ အသက်ရှင်ဖို့ ခက်ခဲမယ်လို့ ယူဆရပါတယ်။

ဒီလေယာဥ်ဆင်းမယ့် ဂျင်းနား အပြည်ပြည်ဆိုင်ရာ လေဆိပ်ဟာ ပါကစ္စတန်နိုင်ငံမှာ လေယာဥ်အဆင်းအတက်အများဆုံး လေဆိပ်တွေထဲက တစ်ခု ဖြစ်ပါတယ်။

ကရာချိမြို့ လူနေ ဧရိယာထဲက မီးခိုးတွေ ထွက်နေတာကို ဆိုရှယ်မီဒီယာတွေမှာ တင်ထားတဲ့ ပုံတွေမှာ မြင်ရပါတယ်။

လေယာဥ်က ဒေသအချိန် နေ့လယ် ၂ နာရီခွဲလောက်မှာ လေကြောင်းထိန်းချုပ်ရေးနဲ့ အဆက်အသွယ် ပြတ်သွားတယ်လို့ PIA က ပြောခွင့်ရသူက ပြောပါတယ်။

လေယာဥ်ပျက်ကျလို့ အိမ်တွေ ပျက်စီးသွားတဲ့ နေရာကို အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တွေ ရောက်လာပါပြီ။

Airbus A320 လေယာဥ်ဟာ ဆင်းသက်ဖို့လုပ်နေတုန်း ဂျင်းနားလေဆိပ်ရဲ့ နှစ်မိုင်အကွာ လောက်မှာ ပျက်ကျခဲ့တာပါ။

ပါကစ္စတန် စစ်တပ်က တပ်ဖွဲ့ဝင်တွေ ကူညီဖို့ အဲဒီနေရာကို ရောက်နေပြီလို့ ပြောပါတယ်။

အရေးပေါ်ကယ်ဆယ်ရေးနဲ့ စစ်တပ် ကယ်ဆယ်ရေးလုပ်
Reuters
အရေးပေါ်ကယ်ဆယ်ရေးနဲ့ စစ်တပ် ကယ်ဆယ်ရေးလုပ်

လေယာဥ်ပျက်ကျရတဲ့ အကြောင်းကိုတော့ မသိရသေးပါဘူး။ လေယာဥ်မှူးက လေယာဥ်မှာ စက်ပိုင်းဆိုင်ရာ အခက်အခဲ ဖြစ်ခဲ့တာကို လေကြောင်းထိန်းသိမ်းရေးကို သတင်းပို့ခဲ့တယ်လို့ PIA အကြီးအကဲ တစ်ဦးက ပြောပါတယ်။

ပါကစ္စတန် ဝန်ကြီးချုပ် အင်မရန်ခန်းက လေယာဥ်ပျက်ကျမှုကြောင့် အံ့သြတုန်လှုပ် စိတ်မကောင်း ဖြစ်ရတယ်လို့ ပြောပြီး စုံစမ်းစစ်ဆေးရေးကို ချက်ချင်းလုပ်မယ်လို့ ကတိပေးပါတယ်။

ပါကစ္စတန်နိုင်ငံတဝန်းမှာ ရာမာဒန် ဥပုသ်လအဆုံးပွဲတော်ကို ကျင်းပဖို့ ပြင်ဆင်နေကြပြီး ရပ်ရွာတွေကို ပြန်ကြဖို့ ပြင်ဆင်နေကြသူတွေ အများကြီး ရှိနေပါတယ်။

ပါကစ္စတန် လေကြောင်းမတော်တဆမှု မှတ်တမ်း

ကယ်ဆယ်ရေး
BBC

ပါကစ္စတန် လေကြောင်းသမိုင်းမှာ လူအများဆုံးသေဆုံးခဲ့တဲ့ လေယာဥ်မတော်တဆမှုက ၂၀၁၀ တုန်းက ဖြစ်ခဲ့တာပါ။ ပုဂ္ဂလိက လေကြောင်းလိုင်း Airblue က လေယာဥ်တစ်စင်း ပျက်ကျခဲ့ပြီး လေယာဥ်ပေါ်ပါ လူ ၁၅၂ ဦး သေဆုံးခဲ့ပါတယ်။

၂၀၁၂ မှာတော့ ဘိုဂျာလေကြောင်းက ဘိုးအင်း 737-200 လေယာဥ်တစ်စင်း ပျက်ကျခဲ့ပြီး လေယာဥ်ဝန်ထမ်း ခြောက်ဦးနဲ့ ခရီးသည် ၁၂၁ ဦး သေဆုံးခဲ့ပါတယ်။

၂၀၁၆ မှာ အခုပျက်ကျတဲ့ PAI လေကြောင်းက လေယာဥ်တစ်စင်း ပျံသန်းနေစဥ် မီးလောင်ပြီး လူ ၄၇ ဦး သေဆုံးခဲ့ပါတယ်။

လာဟိုးမြို့နဲ့ ကရာချိမြို့ပြ မြေပုံ
BBC
လာဟိုးမြို့နဲ့ ကရာချိမြို့ပြ မြေပုံ
line-qr

เกาะติดข่าวสำคัญ

กดติดตาม "ข่าวสด"

single-line

ติดตามข่าวสด


ข่าวเด่นประจำวัน













ภาพที่



อัลบั้มภาพ လူ ၁၀၀ ခန့်တင်လာတဲ့ ပါကစ္စတန် ခရီးသည်တင်လေယာဥ်ပျက်ကျ
ข่าวที่เกี่ยวข้อง