Khaosod
Online

วันเสาร์ ที่ 30 พ.ค. 2563

ကိုဗစ်ဆေး ဘင်္ဂလားဒေ့ရှ် ပထမဆုံး စထုတ်

22 พ.ค. 2563 - 22:59 น.
ကိုယ်ထဲက ဆဲလ်တွေမှာ ဗိုင်းရပ်စ် ပွားအောင်လုပ်နိုင်တဲ့ အင်ဇိုင်းကို ဒီဆေးက တားပေး
Reuters
ကိုယ်ထဲက ဆဲလ်တွေမှာ ဗိုင်းရပ်စ် ပွားအောင်လုပ်နိုင်တဲ့ အင်ဇိုင်းကို ဒီဆေးက တားပေး

ကိုဗစ်-၁၉ လူနာတွေ ရောဂါ ပြန်သက်သာချိန် မြန်ဆန်စေတဲ့ ရမ်ဒက်စ်ဆီဗီယာ Remdesivir ဆေးရဲ့ အလားတူ ဆေးဝါးကို ဘင်္ဂလားဒေ့ရှ် ဆေးကုမ္ပဏီတစ်ခုက ကမ္ဘာ့နိုင်ငံတွေထဲမှာ ပထမဆုံးအဖြစ် စထုတ်တော့မှာ ဖြစ်ပါတယ်။

ဒီဆေးကို အမေရိကန် ဆေးကုမ္ပဏီကြီး Gilead ဂိလိယတ်က မူရင်းထုတ်လုပ်တာ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် အခြေစိုက် Beximco ဆေးကုမ္ပဏီကနေ ဒီဆေးနဲ့ ပါဝင်ပစ္စည်းတွေတူညီတဲ့ အလားတူ အမျိုးအစားဆေးကို ထုတ်လုပ်မှာ ဖြစ်ပါတယ်။

ဒီဆေးက ကိုဗစ်လူနာတွေကို ရောဂါ ပြန်သက်သာချိန် ပိုမြန်စေတာကို နိုင်ငံတကာက ဆေးရုံတွေမှာ စမ်းသပ်မှုအရ တွေ့ရပါတယ်။

ဒီဆေးမသုံးသူတွေက ၁၅ ရက်မှာ ပြန်သက်သာတာကို တွေ့ရပြီး ဒီဆေးနဲ့ဆိုရင် ၁၁ ရက် ကြာတာကို စမ်းသပ်မှုတွေမှာ တွေ့ခဲ့ရပါတယ်။

တကယ်တော့ ဒီ ဗိုင်းရပ်စ်ကုသဆေးကို အီဘိုလာရောဂါကို ကုသဖို့အတွက် ထုတ်လုပ်ထားခဲ့တာပါ။

ဒီဆေးက ကိုယ်ထဲက ဆဲလ်တွေမှာ ဗိုင်းရပ်စ် ပွားအောင်လုပ်နိုင်တဲ့ အင်ဇိုင်းကို တားပေးပါတယ်။

ဒီဆေးက ရောဂါသက်လာချိန် ပိုမြန်တာတွေ့ရပေမဲ့ သေဆုံးမှုနှုန်းမှာတော့ သိသာတဲ့ အကျိုးသက်ရောက်မှု မတွေ့ရပါဘူး။ ဒီဆေးနဲ့ ကုသခံရသူတွေရဲ့ သေဆုံးနှုန်းက ၈ ရာခိုင်နှုန်းရှိပြီး ဒီဆေးမပေးသူတွေမှာတော့ ၁၁ ရာခိုင်နှုန်းကျော် ရှိပါတယ်။

ဒါကြောင့် ပညာရှင်တွေက ဒီဆေးကို ကိုရိုနာဗိုင်းရပ်စ်အတွက် အစွမ်းထက်မှော်ဆေးလုံးလို့ မမြင်ကြနဲ့လို့ ပြောထားပါတယ်။

ဒါပေမဲ့ အခုလောလောဆယ်မှာ ကိုဗစ်ကို ထိထိရောက်ရောက်ကုနိုင်တဲ့ဆေး ဘာမှ မရှိသေးလို့ နိုင်ငံတော်တော်များများက ဒီဆေးကို စမ်းသပ်ကြည့်ချင်နေကြပါတယ်။

Beximco က ထုတ်မယ့်ဆေးကို အရှေ့တောင်အာရှ နိုင်ငံတော်တော်များများဆီ မြန်မြန်ဆန်ဆန် ဖြန့်နိုင်မှာ ဖြစ်ပါတယ်။

အတည်မပြုရသေးတဲ့ သတင်းတချို့ကတော့ ဒီကုမ္ပဏီဟာ အိန္ဒိယနဲ့ ပါကစ္စတန် နိုင်ငံက ဆေးကုမ္ပဏီကြီးတွေနဲ့ ပူးပေါင်းလုပ်ဖို့ ကြိုးစားနေတယ်လို့လည်း သိရပါတယ်။

အိန္ဒိယနဲ့ ပါကစ္စတန် ကုမ္ပဏီ ငါးခုတို့က မြန်မာအပါအဝင် ဝင်ငွေနည်းပါးတဲ့နိုင်ငံတွေနဲ့ ဝင်ငွေအလယ်အလတ်အောက်နိမ့်တဲ့ နိုင်ငံ ၁၂၇ ခု အတွက် အဲဒီကိုဗစ်ဆေးတွေ ထုတ်ဖို့ အမေရိကန်ဆေးကုမ္ပဏီကြီး ဂိလိယတ် နဲ့ သဘောတူခဲ့ကြတယ်လို့ မေလလယ်မှာ ကြေညာထားခဲ့ပါတယ်။

ဆေးစထုတ်မယ့်အချိန်နဲ့ စျေးနှုန်းတွေ ပြောဖို့ စောလွန်းသေးတယ်လို့ အဲဒီထဲမှာ ပါဝင်တဲ့ အိန္ဒိယဆေး ကုမ္ပဏီတစ်ခုက ပြောပြီး ဇွန်လလောက်ကျရင် ဒီအခြေအနေတွေကို သိနိုင်မယ်လို့ အဲဒီဆေးကုမ္ပဏီက ပြောပါတယ်။

line-qr

เกาะติดข่าวสำคัญ

กดติดตาม "ข่าวสด"

single-line

ติดตามข่าวสด


ข่าวเด่นประจำวัน













ภาพที่



อัลบั้มภาพ ကိုဗစ်ဆေး ဘင်္ဂလားဒေ့ရှ် ပထမဆုံး စထုတ်
ข่าวที่เกี่ยวข้อง