Khaosod
Online

วันอาทิตย์ ที่ 29 พ.ย. 2563

လူပျောက်ရှာတဲ့ အလယ်ကျွန်းရွာသားတွေဖမ်းဆီးခံရ

23 พ.ค. 2563 - 22:30 น.

ရခိုင်ပြည်နယ်၊ အလယ်ပိုင်း အမ်းမြို့နယ်အတွင်းမှာရှိတဲ့ အလယ်ကျွန်းကျေးရွာသား ၁၅ ဦးကို တပ်မတော် စစ်ကြောင်းတစ်ခုက မေလ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ ဖမ်းဆီးသွားပြီး အခုထိ သူတို့ ပြန်မလွတ်သေးဘူးလို့ မိသားစုတွေက ပြောပါတယ်။

ပျောက်ဆုံးနေသူအပါအဝသ် သူ့ကို လိုက်ရှာဖွေသူ ၁၅ ဦး စုစုပေါင်း ၁၆ ဦးကို ဖမ်းဆီးတာဖြစ်ပြီး ရှာဖွေသူတွေထဲက တစ်ဦးက ထွက်ပြေးလွတ်မြောက်လာလို့ အခုလက်ရှိ ၁၅ ဦးဖမ်းဆီးခံနေရပါတယ်။

မေလ ၁၆ ရက်နေ့မှာ အလယ်ကျွန်းကျေးရွာသား ကိုငပျော့ ခေါ် ကိုမျိုးလှိုင်ဟာ ငါးရှာထွက်သွားရာကနေ နေအိမ်ကို ပြန်လည်မရောက်လာတဲ့အတွက် ၁၇ ရက်နေ့မှာ ရွာသားတွေ စုပေါင်းပြီး သူငါးရှာတဲ့ချောင်းအတွင်းကို လိုက်ရှာကြစဉ်မှာ တပ်မတော်စစ်ကြောင်းက အဲ့ဒီရွာသားတွေကို ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ အလယ်ကျွန်းကျေးရွာ ဆရာတော်က မိန့်ကြားပါတယ်။

ပျောက်ဆုံးနေသူကို နောက်နေ့ မနက်ပိုင်းမှာ ကျေးရွာသား ၁၅ ဦးက နှစ်ဖွဲ့ခွဲပြီး လှေနဲ့ ၈ ဦး၊ ကုန်းပေါ်က ၇ ဦး လိုက်ရှာနေချိန် မှာ တပ်မတော်စစ်ကြောင်းနဲ့တွေ့ပြီး ခေါ်ဆောင်ခြင်းခံလိုက်ရတာဖြစ်တယ်လို့ လှေနဲ့လိုက်ရှာနေတဲ့အဖွဲ့က ထွက်ပြေးလွတ် မြောက်လာခဲ့တဲ့ ရွာသားတစ်ဦးရဲ့ ပြောပြချက်အရ သိရတာလို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းက ပြောပါတယ်။

အလယ်ကျွန်းကျေးရွာသားတွေကို ဖမ်းဆီးထားတာနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

ပျောက်သွားသူကို လိုက်ရှာရာကနေ သားဖြစ်သူ ဖမ်းဆီးခံလိုက်ရပြီး ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးတဲ့အတွက် စိုးရိမ်ကြောင့်နေရတယ်လို့ ဖမ်းဆီးခံရသူတစ်ဦရဲ့ မိခင် ဒေါ်လင်းသူဇာက ပြောပါတယ်။

ဖမ်းဆီးခံနေရတဲ့ အလယ်ကျွန်းကျေးရွာသား ၁၅ ဦးအနက် လေးဦး ကိုတော့ မေလ ၂၀ ရက်နေ့မှာ ပြန်လည်လွှတ်ပေးခဲ့ပြီး ညနေပိုင်းပြန်လာကြဖို့နဲ့ ကျန်တဲ့လူတွေကိုပါ တပါတည်း လွှတ်ပေး မယ်လို့ ဖုန်းဆက်ခေါ်တဲ့အတွက် အဲ့ဒီစစ်ကြောင်းရှိတဲ့နေရာကို ပြန်သွားခဲ့ကြရာ ဒီနေ့အထိ ၁၅ ဦးစလုံး ဆက်လက်ဖမ်း ဆီးခံထားရဆဲဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အမ်းမြို့နယ်ဟာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိတဲ့မြို့နယ်ဖြစ်ပြီး အလယ်ကျွန်းကျေးရွာအနီးဝန်းကျင်မှာ တိုက်ပွဲ ဖြစ်ပွားတာတွေမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

၁၇ ရက်နေ့ကနေ ဖမ်းဆီးခံလိုက်ရပြီး ၂၀ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ရွာသားလေးဦးတို့ကတော့ သူတို့ကို စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်ထားတာဖြစ်ပြီး ရိုက်နှက်တာတွေမလုပ်ဘူးလို့ ပြောဆိုခဲ့တယ်လို့ ဆရာတော်က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ အချိန်ကနေ အရပ်သားတွေဖမ်းဆီးစစ်ဆေးခံရပြီး အကြမ်းဖက်မှုနဲ့ တရားစွဲဆိုထားတဲ့ အမှုပေါင်း ၁၀၅ မှုအထိရှိနေတယ်လို့ ပြီးခဲ့တဲ့ ၂၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ်ရခိုင်ပြည်နယ်လွှတ်တော် ၁၃ ကြိမ်မြောက်အစည်းအဝေးမှာ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးကျော်လှထွန်းက ပြောဆိုသွားခဲ့ပါတယ်။

line-qr

เกาะติดข่าวสำคัญ

กดติดตาม "ข่าวสด"

single-line

ติดตามข่าวสด


ข่าวเด่นประจำวัน













ภาพที่



อัลบั้มภาพ လူပျောက်ရှာတဲ့ အလယ်ကျွန်းရွာသားတွေဖမ်းဆီးခံရ
ข่าวที่เกี่ยวข้อง